နည်းပညာ ကို စိတ်ဝင်စားတဲ့ ကလိနေရမှ
သဘောကျတဲ့ သူငယ်ချင်း များအတွက် ကိုယ့်ဓါတ်ပုံ လေးတွေကို ပဲဖြစ်ဖြစ်
ကိုချစ်သူ ကောင်မလေး ရဲ့ ဓါတ်ပုံ
လေးတွေကို ပဲဖြစ်ဖြစ် ပိုတို အယ်လ်ဘမ်လေး တခု လုပ်ပြီး ကိုယ်ချစ်တဲ့ ကောင်မလေးကို ပေးခြင်လို့ပါ ဆိုတဲ့ ကိုကိုတွေ အတွက် ကျနော့် ရဲ့ သူငယ်ချင်း
ကျောင်းအုပ်ဆရာကြီးလဲ ဟုတ်
နည်းပညာ ပိုင်းတွေမှာ မွှေနှောက် ကလိ တတ်တဲ့ ဆရာတယောက်လဲဟုတ်တဲ့
ဆရာ ကိုရဲမင်းထွန်း(စလင်း) ရဲ့ လက်ရာ
လေးပါ.....
မင်္ဂလာပါ ခင်ဗျ....
ကျွန်တော့်ကို Apk & Software လုပ်တတ်တဲ့သူလို့ မထင်ကြပါနဲ့ခင်ဗျ၊၊
ကျွန်တော့်ရဲ့ Chat Box မှာ သူငယ်ချင်းတစ်ချို့ လာပြီးမေးကြတယ်
" ကိုရဲမင်းထွန်းရေ ဒီApk လေးက ကိုရဲမင်းထွန်း လုပ်ထားတာလားဗျ "
" ကိုရဲမင်းထွန်းရေ Ringtones Apk လုပ်နည်းလေး ပြောပြပေးပါ၊၊Photo Album &Song Album လုပ်နည်းလေးတွေ
ပြောပြပေးပါလား "
ဆိုတဲ့ ဆိုတဲ့ လာပြီး မေးကြသူတွေရှိပါတယ်၊၊
သူတို့မေးတုန်းက ကျွန်တော်အားနာရပါတယ်၊၊ဘာမှ မပြောနိုင်လို့ပါ၊၊ပြောပြချင်ပေမယ့် ဘယ်လိုစလုပ်ရမယ်ဆိုတာကို နားမလည်ကြပါဘူးဗျ၊၊
ကျွန်တော့်မှာ Apk လုပ်ဖို့ Computer မရှိဘူး၊၊ဖုန်းရိုးရိုးတစ်လုံးပဲရှိတယ်၊၊
ဒီလို Apk တွေဖြစ်ဖို့ မလုပ်တတ်ဘူးဗျ၊၊
ဒါပေမယ့် ကလိတတ်တယ်
သူများ Apk ကို ကိုယ့် လုပ်တဲ့ Apk သဘောမျိုး ဖြစ်အောင်လုပ်တာပဲဗျ၊၊
နည်းပညာ ဥပဒေထွက်လာရင် ကျွန်တော်တရားစွဲခံရမလားပဲ၊၊
မူရင်း Apk & Software ပိုင်ရှင်တွေကိုလည်း တောင်းပန်ပါတယ်ဗျ၊၊
ကျွန်တော်နည်းပညာ postsတွေအတွက် များရင် pdf ဖိုင် မလုပ်တော့ဘူး၊၊pdfဖိုင်လုပ်ရတာ လွယ်ကူပေမယ့် pdf ဖတ်ချင်ရင် ဟိုဝင် ဒီဝင်နဲ့ ဇယားများလွန်းလို့ Photo Album Apkသဘောမျိုး ဖန်တီးတယ်၊၊Apk ဆိုတော့ဖုန်းပေါ်မှာ တင်ထားလိုက်ရင် အချိန်မရွေး ဝင်ကြည့်လို့ရတယ်၊၊
ခုနောက်ပိုင်း နည်းပညာ posts တော်တော်များများမှာ Apk အဖြစ်တွေ့ရမှာပါ၊၊နည်းနည်းတိုရင် pdf ပေါ့ဗျာ၊၊များလာရင် Apkပေါ့၊၊
ကဲ လေရှည်နေပြီ၊၊
Apk လုပ်ကြရအောင်ဗျာ၊၊
#ကြိုတင် ပြင်ဆင်ထားရမည့်အချက်များ
1# လိုအပ်သော Apk & Software များ ရှိပါစေ၊၊
ဥပမာ နည်းပညာ Posts တစ်ခုအတွက် Photo
Album Apk ပြုလုပ်လိုပါက မိမိ Photo
စုစုပေါင်းနဲ့ သင့်တော်မယ့် Photo Album
Apk တစ်ခုခု ရှာထားရမှာပါ၊၊ဒါက လွယ်ပါတယ်၊၊ဘေးပတ်ဝန်းကျင်မှာ Korea Model Photo Album Apk တွေအများကြီးပါဗျ၊၊စုထားပေါ့ဗျာ၊၊
တစ်ခြား Apk တွေလဲ အများကြီးပါဗျ၊၊
နောက်ပြီးတော့ Ringtones Apk ဖန်တီးချင်တာဆိုရင် Ringtones Apk မှန်သမျှ စုထားပေါ့ဗျာ၊၊ကိုယ်လုပ်မယ့် Apk မှာ ရှိမယ့် သီချင်းပုဒ်ရေနဲံ့ အဆင်ပြေအောင် သီချင်းလေးတွေဖြတ်ထားပေါ့ဗျာ၊၊
Song Album ဆိုလည်း သီချင်းလေးတွေရှာထားပေါ့ဗျာ၊၊
2# နောက်ခံPhotoတွေအတွက် အဆင်ပြေရာ Apk တစ်ခုခုနဲ့ လုပ်ထားပါ၊၊Photoတွေကို Picsay Pro နဲ့ပြင်တာ ကျွန်တော် အကြိုက်ဆုံးပါပဲ၊၊ကျွန်တော်သုံးတာပြောပြတာပါ၊၊
Screen Shoot ရိုက်၊၊Picsayနဲ့ရေး၊၊My Fileထဲမှာ Folder တစ်ခု ဖွဲ့ထားပြီး ရွေ့ထားပါ၊၊မိမိ Apk ရဲ့ icon ပုံတွေကို မိမိစိတ်ကြိုက်လုပ်ထားပါ၊၊အဲဒါတွေ အကုန်ပြင်ဆင်ပြီးမှ Apkကို ပြုလုပ်ရန် စတင်ပါခင်ဗျ၊၊
ကဲ ပထမဆုံး Photo Album Apk ပြုလုပ်နည်းနဲ့  စကြရအောင်
#အဆင့်(1)
မိမိဖုန်းရဲ့ My File (သို့)File Managerသို့ဝင်ပါ၊၊မိမိပြုလုပ်လိုသော Apk ကို Internal Store ထဲရွေ့ထားပါ၊၊
#အဆင့်(2)
Apk Editor Pro ထဲဝင်ပေးပါ၊၊Select an Apk Fileကိုနှိပ်ပါ၊၊စောစောက ရွေ့ထားတဲ့ Apk ကိုရှာပြီးရွေး နှိပ်ပါ၊၊
#အဆင့်(3)
အပေါ်ဆုံးက App Name နေရာမှာ ကိုယ်နှစ်သက်ရာ နာမည်ကိုပြောင်းဖို့အတွက် Box ကိုထိပြီး အရင်စာသားတွေကို ဖျက်ပြီးရေးပါ၊၊
အောက်နားက ကိုယ်ပြင်ချင်သောစာသားအချို့
ပြောင်းလဲ ပြင်ဆင်ပေးပါ၊၊
#အဆင့်(4)
ရေးပြီးသွားရင် အပေါ်နားက Save ကို နှိပ်ပေးပါ၊၊Save မပေါ်ရင် အောက်နားက Resourceကို တစ်ချက်နှိပ်ပြီး အပေါ် ညာဘက်နားက Save ကို နှိပ်ပေးပါ၊၊
#အဆင့်(5)
Step 1 Composeလုပ်နေပြီး Step 2/2လုပ်ရင် Apk Name ပြောင်းတာ အောင်မြင်ပါပြီ။
#အဆင့်(6)
တစ်ကယ်လို့ Error တက်နေရင် ဖုန်းရဲ့ Setting ကိုဝင်၊App Manager ကိုဝင်ပြီး Apk Editor Pro ကို Clear Data လုပ်ပါ၊၊
#အဆင့်(7)
Apk Editor Pro ထဲထပ်ဝင်ပြီး အပေါ်က နည်းတွေအတိုင်း နာမည် ထပ်ပြောင်းပေးပါ၊၊
Error ထပ်တက်ရင် Setting ထဲဝင်ပြီး Clear Data ပြန်လုပ်ပါ၊၊
#အဆင့်(8)
နာမည်ပြောင်းတာမရလို့
စိတ်မညစ်ပါနဲ့၊၊အမျိုးမျိုး ထပ်ပြောင်းရန် ကြိုးစားပါ၊၊ပြောင်းမရရင် နောက်ဆုံး
နည်းလေးနဲ့ထပ်ပြောင်းပါ၊၊
#အဆင့်(9)
ဒီ နောက်ဆုံးနည်းက ဖုန်း Setting ထဲဝင် Apk Editor Pro ကို Clear Data လုပ်ပြီးရင် Apk Editor Pro ထဲဝင်ပြီး စောစောက ကိုယ်နာမည်ပြောင်းချင်တဲ့ Apk ကိုရွေးပြီး ဘာမှ မပြောင်းပဲ Save ပါ၊၊
သူ့အလုပ်သူလုပ်သွားပါလိမ့်မယ်၊၊
အောက်နားက Close ကိုနှိပ်ပြီး Apk Editor Pro မှ ထွက်ပါ၊၊
#အဆင့်(10)
Apk Editor Pro ထဲထပ်ဝင်ပါ၊၊Select an Apk File ကိုနှိပ်ပြီး Apk Editor ဖိုင်ထဲဝင်ပါ၊၊စောစောက ဘာနာမည်မှမပြောင်းဘဲ ထားတဲ့ Apk ကို တွေ့ရမှာပါ၊၊အဲဒီကောင်ကို နှိပ်ပြီး နာမည်ပြောင်းပါ၊၊ရသွားနိုင်ပါတယ်၊၊အမြဲတမ်းတော့မရပါ၊၊အာမမခံပါ၊၊
ကျွန်တော်လဲ စမ်းသပ်ရင်း ပြောရတာပါ၊၊
#အဆင့်(11)
နာမည်ပြောင်းလို့ အဆင်ပြေသွားရင် Apk Editor Pro မှ ထွက်ပါ၊၊
#အဆင့်(12)
ဖုန်းရဲ့ My File or File Manager ထဲဝင်ပြီး Internal Store ထဲမှာ Apk Editor ဖိုင်ရှိပါတယ်၊၊ဖိုင်ထဲဝင်ပြီး နာမည်ပြောင်းထားတဲ့ Apkကို Internal Store ထဲကို Copy ထပ်ယူပါ။ပြီးရင် My Fileမှ ထွက်ပါ။
#အဆင့်(13)
Apk Master King Apkထဲဝင်ပါ။
#အဆင့်(14)
အောက်နားထိ ရွှေ့သွားပြီး စောစောက ကိုယ်နာမည်ပြောင်းထားတဲ့ Apkကိုနှိပ်ပါ။
#အဆင့်(15)
res ဆိုတဲ့ဖိုင်ထဲဝင်ပါ။
#အဆင့်(16)
drawable ဖိုင်ထဲဝင်ပါ၊၊
#အဆင့်(17)
Apk ရဲ့ မျက်နှာပြင်ပုံကို ပြောင်းဖို့အတွက် icon ပုံကိုရှာပါ၊၊တွေ့ရင် ဖိုင်ကို ၂စက္ကန့်လောက်ဖိထားပါ၊၊
#အဆင့်(18)
နှစ်သက်ရာဖိုင်တစ်ခုခုသို့ ဆွဲထုတ်ရန်
အစားထိုး လဲလှယ်ပစ်ရန် ဆိုပြီးပေါ်လာပါမယ်၊၊
အစားထိုးလဲပြစ်ရန်ကို နှိပ်လိုက်ပါ၊၊
#အဆင့်(19)
Fileတွေတွေ့ရမှာပါ၊၊ကိုယ်ပြုလုပ်ထားတဲ့ ဖိုင်ထဲကPhoto ကိုရွေးပြီးပေးလိုက်ပါ၊၊
#အဆင့်(20)
အစားထိုး လဲလှယ်နေစဉ် ခဏစောင့်ပါ၊၊ပြီးရင် icon ပြောင်းသွားပါလိမ့်မယ်၊အဲဒီထဲမှာ ပြောင်းချင်တာရှိရင် ဒီနည်းအတိုင်း ပြောင်းနိုင်ပါတယ်၊၊
#အဆင့်(21)
Drawable hdpi ထဲဝင်ပါ၊၊အဲဒီထဲက ပုံတွေကို ကိုယ်ပြောင်းချင်သော အဆင့်လိုက် တစ်ပုံချင်း အစားထိုးလဲလှယ် ပြောင်းပစ်ပါ၊၊
#အဆင့်(22)
အခြား drawable တွေထဲဝင်ပြီး ကိုယ်ပြောင်းလိုရာကို အစားထိုးလဲလှယ် ပြောင်းပစ်ပါ၊၊
#အဆင့်(23)
အားလုံးပြောင်းပြီးသွားရင် Apk Master King Apkမှ ထွက်ပါ၊၊
#အဆင့်(24)
My File ထဲဝင်ပြီး စောစောက Apk ကို install လုပ်ပါ၊၊Open လုပ်ပါ၊၊ဖွင့်ကြည့်လို့ စိတ်တိုင်းမကျရင် အပေါ်ကနည်းတွေအတိုင်း ထပ်ပြင်ပါ၊၊စိတ်တိုင်းကျဖြစ်ပြီဆိုရင်တော့ Photo Album Apk လေး အောင်မြင်သွားပြီပေါ့ဗျာ၊၊
ကျေးဇူးပါပဲခင်ဗျ၊၊အဆင်ပြေပါစေဗျ၊၊မရရင် ထပ်ခါထပ်ခါ လုပ်ပါ၊၊ထပ်ခါထပ်ခါ လေ့လာပါလို့ အကြံပြုပါရစေခင်ဗျ၊၊ကလိပေါ့ဗျာ၊၊
လိုအပ်သော Apk နှစ်မျိုး
Apk Editor Pro downရန်
OR
Apk Master King(ဆော့ဝဲဘုရင်၊MS Apk Editor Pro တို့နဲ့အတူတူပါခင်ဗျ၊၊ ကျွန်တော်မြန်မာမှုထပ်ပြုထားတာပါဗျ )
OR
Facebookဖွင့်နည်း Apk
OR
Korea Model Photo
OR
Korea Model Photo က မူရင်း Apk ပါဗျ၊၊ဒါကို Facebook ဖွင့်နည်း Apk အဖြစ် ပြန်လည်ပြီး မြန်မာမှုပြုထားပါတယ်ဗျ၊၊
ဒါ ဥပမာပြထားတာပါ၊၊
ကျေးဇူးပါ
ရဲမင်းထွန်း(စလင်း)
Cridet by ရဲမင်းထွန်း (စလင်း )
အမှန်အတိုင်း ဝန်ခံပါရစေဗျာ...
ဒီပို့လေးကို ဆရာ ကို ရဲမင်းထွန်း
ဆီကနေ ခွင့်တောင်းပြီး မူရင်းအတိုင်း ပြန်တင်ထားပေးတာ
ဖြစ်ပါတယ် ကျနော် ဆော့ဝဲ apk
တွေ မလုပ်တတ်ပါဘူး ဗျာ...
တကယ်ပါ.....
ဒီပို့လေးနဲ့ပတ်သက်လို့ မသိတာများ
ရှိခဲ့ရင်လဲ ဆရာ ကို ရဲမင်းထွန်း ဆီမှာ
သွားရောက်မေးမြန်း
အကူညီတောင်း နိုင်ပါကြောင်း...(ဆေးထိုးခြင်း)
ဒါကတော့ သူ့ရဲ့
Facebook account ပါ.....
https://m.facebook.com/yemin.tun.7798
အနန္တော အနတ္တ ငါးပါး ဦးထိပ်ထားပြီး ကျေးဇူးရှင် ဆရာများ
ကို အစဉ်လေးစားလျှက်.......
Boon Boon....
No comments:
Post a Comment